10-13 ပတ် အတွင်းရှိကိုယ်ဝန်များကို ဆေးများအသုံးပြုပြီး အန္တရာယ်ကင်းစွာဖြင့် ဖျက်ချနိုင်ပါတယ်။ သို့ပေမယ့် သတိပြုရမည့် အချက်များလည်း ရှိပါသေးတယ်။
ကိုယ်ဝန် အစောပိုင်းကာလတွင် ကိုယ်ဝန်ဖျက်ချခြင်းသည် ပိုပြီးအန္တရာယ်ကင်းပါတယ်။ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ ဖျက်ချရာတွင်လည်း အန္တရာယ်ပိုကြီးလာနိုင်ပါတယ်။ အောက်ပါ ဖော်ပြချက်ကတော့ ကိုယ်ဝန်ဆောင်ကာလအလိုက် လိုအပ်သော ဆေးဝါးစောင့်ရှောက်မှုများကို ဖော်ပြထားခြင်းဖြစ်ပါတယ်။
ဆေးဖြင့် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် အမျိုးသမီးများအနေဖြင့် သွေးသွန်နိုင်ပါတယ်။ ပုံမှန်ရာသီလာခြင်းထက် ပိုမိုများနိုင်ပြီး အစိုင်အခဲများလည်းပါဝင်နိုင်ပါတယ်။ ဒါဟာ ကိုယ်ဝန် ဆောင်ကာလ 10-13 ပတ်ကို ဖျက်ချသည့်အမျိုးသမီးများတွင်မြင်တွေ့နိုင်ပြီး တစ်သျှူးစများကဲသို့ အပိုင်းအစများလဲ ဆင်းနိုင်ပါသည်။ ဒါဟာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိပြီး သင့်ကို အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ကိုယ်ဝန်ဖျက်ချခြင်းအောင်မြင်သည်ဟု သတ်မှတ်နိုင်ပါတယ်။ သွေးသွန်ခြင်းများပါက ထွက်ကျလာသော အသားစများနှင့် သွေးခဲများကို အိမ်သာထဲတွင် စွန့်နိုင်ပါသည်။ အကယ်၍ သင်နေထိုင်ရာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချမှုမှာတရားမဝင်သည်ဟု သတ်မှတ်ထားပါက ထိုသို့သွေးသွန်ထားသည့်အရာများ၊ အဝတ်စတို့ကို စွန့်ပစ်ရာတွင် အထူးသတိထားရန် လိုအပ်ပါသည်။
ဤဝက်ဘ်ဆိုက်ကို တိကျမှန်ကန်စွာ လည်ပတ်စေရန် အမည်မသိသော ကွတ်ကီးများနှင့် အမျိုးမျိုးသော တတိယပါတီ ဝန်ဆောင်မှုများကို လိုအပ်နိုင်ပါသည်။ ကျွန်ုတို့၏ စည်းမျဉ်းစည်းကမ်းများနှင့် and ကိုယ်ရေးလုံခြုံမှုမူဝါဒများကို သင်ဖတ်ရှုနိုင်ပါသည်။ ဆက်လက်၍ ဤဝက်ဘ်ဆိုက်ကို အသုံးပြုခြင်းဖြင့် သင့်အနေဖြင့် ၎င်းတို့သည် သင့်အပေါ်အကျိုးသက်ရောက်မှုကို ခွင့်ပြုထားပြီးဖြစ်ပါသည်။'