ဆေးဖြင့် ကိုယ်ဝန်ဖျက်ချခြင်းအတွက် နည်းလမ်း ၂ နည်းရှိပါသည်။ နည်းလမ်း(၂)ခုလုံးအစွမ်းထက်ပါသည်။
mifepristone သောက်ပြီးနောက် အချို့အမျိုးသမီးများတွင် သွေးအနည်းငယ်ဆင်းသော်လည်း တစ်ချို့မှာ သွေးဆင်းခြင်းမရှိပါ။ ဒီအခြေအနေ ၂ မျိုးလုံးကပုံမှန်ဖြစ်ပါသည်။
ဗိုက်အောင့်ခြင်းနှင့်သွေးဆင်းခြင်းများက အဓိကဖြစ်လေ့ရှိသည်။ ဒီလိုဖြစ်တာက ဆေးအာနိသင်ပြတာလို့ ပြောလို့ရပါသည်။ ဒါပေမယ့် သင့်အနေဖြင့် ဘယ်လောက်ထိ နာကျင်ကိုက်ခဲမှုဖြစ်နေပါသလဲ?
အချို့သောအမျိုးသမီးများတွင် ပုံမှန်ရာသီလာချိန်နာကျင်ကိုက်ခဲခြင်းထက် ပိုပြီးနာကျင်မှုကိုခံစားရပါသည်။
အချို့သော အမျိုးသမီးများ၏ သွေးဆင်းခြင်းသည် ပုံမှန်ရာသီလာခြင်းထက် ပိုပြီးများတတ်ပါသည်။ misoprostol သောက်ပြီးနာရီအနည်းငယ်အတွင်း ရာသီသွေးဆင်းခြင်းမှာပုံမှန်ဖြစ်ပြီး ကိုယ်ဝန်ဆောင်သက်တမ်း အချိန်ကာလပေါ်မူတည်ပြီး ဆင်းလာသော သွေးခဲအရွယ်အစားကွဲပြားနိုင်ပါသည်။
အချို့အမျိုးသမီးများသည် ပုံမှန်ရာသီသွေးဆင်းသလို နာကျင်ကိုက်ခဲမှု အနည်းငယ်သာခံစားရပါသည်။
သင်ပုံမှန်ကာလထက်သွေးထွက်ခြင်းနှင့်ဗိုက်အောင့်ခြင်းများရှိပါက မထိတ်လန့်ပါနှင့်။
အကယ်၍ ဗိုက်အရမ်းအောင့်ပြီး နာကျင်လာလျှင် ibuprofen အကိုက်အခဲပျောက်ဆေးက နာကျင်မှုလျော့ကျအောင် ကူညီပေးနိုင်ပါသည်။ 200 မီလီဂရမ်ပမာဏရှိ Ibuprofen ဆေးကို မည်သည့်နိုင်ငံတွင်မဆို ဆေးစာမပါဘဲ ဆေးဆိုင်တွင်ဝယ်သောက်နိုင်ပါသည်။ ဆေးတစ်လုံးလျှင် 200 mg ရှိသော ဆေး ၃-၄ လုံးအထိ ၆-၈ နာရီကြာပြီးတိုင်းသောက်ပေးပါက သင်၏နာကျင်မှုကိုသက်သာစေပါသည်။
မိမိကြိုက်နှစ်သက်ရာကို စားသောက်နိုင်ပါသည်။
သင် သက်တောင့်သက်သာဖြစ်လာသည့်အချိန်အထိ သက်တောင့်သက်သာဖြစ်စေသော နေရာတွင် အနားယူပါ။
အမျိုးသမီးအများစုသည် ၂၄ နာရီအတွင်း သက်သာသည်ဟုခံစားရသည်။
မှတ်ချက်
ကိုယ်ဝန်ဖျက်ချပြီးနှစ်ပတ်ကြာသည်အထိ သင့်ခန္ဓာကိုယ်ထဲတွင် ဟော်မုန်းများရှိနေသေးသည့်အတွက် ကိုယ်ဝန်စစ်ကြည့်ပါက ကိုယ်ဝန်ရှိနေသည်ဟု ပြသနေပါလိမ့်မည်။ ဆေးကိုအသုံးပြုပြီးနောက် ကိုယ်ဝန်ဆောင်လက္ခဏာများ (ရင်သားနာကျင်တာ၊ ပျို့ချင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းစသည်ဖြင့်) ဆက်လက်ခံစားရလျှင်ဆရာဝန်နှင့်ပြသပါ။
ကိုယ်ဝန်ပျက်ကျနေစဥ်ကာလတွင် အထက်ပါ လက္ခဏာများသည်ပုံမှန်ဖြစ်သည်။ သို့ပေမယ့် အောက်တွင်ဖော်ပြထားသော နောက်ဆက်တွဲဖြစ်နိုင်တဲ့ ပြဿနာတွေဖြစ်ပေါ်လာပါက အန္တရာယ်ရှိနိုင်သည့်လက္ခဏာဖြစ်လို့ သတိထားပါ။
သင့်အနေဖြင့် ကိုယ်ဝန်ပျက်ကျသွားပြီဟုသိပြီးနောက် ၂ နာရီအတွင်း သာမာန်သုံးနေကျ အမျိုးသမီးလစဥ်သုံးပစ္စည်း pad ၂ခုလုံး စိုရွှဲသွားပါက ချက်ချင်းဆေးကုသမှုခံယူပါ။ လစဥ်သုံးပစ္စည်း Pad စိုရွှဲသည်ဟုဆိုရာတွင် အရှေ့မှအနောက်၊ ဘေးအားလုံးနှင့် အပေါ်အောက် သွေးတွေပျံ့နှံ့ သွားခြင်းကို ဆိုလိုပါသည်။
အကယ်၍ သင် ibuprofen ကိုသောက်ပြီးသော်လည်း အလွန်အမင်းနာကျင်မှုရှိပါက ဆေးကုသမှုခံယူပါ။ ဤကဲ့သို့ပြင်းထန်သောနာကျင်မှုက ကိုယ်ဝန်နှင့်ဆက်စပ်သော တစ်ခြားသောပြဿနာတစ်ခုခုဖြစ်နိုင်သည်ဟုဆိုလိုနိုင်သည်။ ibuprofen သောက်သော်လည်း သက်သာခြင်းမရှိရခြင်းမှာ တခြားအန္တရာယ်ရှိသောလက္ခဏာဖြစ်သည်။ အပြင်းအထန်နာကျင်မှုဝေဒနာခံစားနေရသည့်ကိုယ်ဝန်ဆောင်အမျိုးသမီးများအားလုံးအတွက် ဆေးကုသမှုခံယူရန်အကြံပြုအပ်ပါသည်။
သင့်အနေဖြင့် misoprostol သောက်သောနေ့တွင်အဖျားတက်ခြင်း၊ ပျို့ချင်ခြင်းနှင့်အော့အန်ခြင်းဖြစ်ခြင်းမှာ ပုံမှန်သာဖြစ်သည်။ ကိုယ်ဝန်ဖျက်ချဆေးပြားကိုသောက်သုံးပြီးနောက်ပိုင်း တစ်နေ့ထက်တစ်နေ့ ပိုသက်သာလာသင့်ပါသည်။ misoprostol ဆေးသောက်ပြီး နောက်ပိုင်းနေ့များတွင် မသက်သာဘဲ ပိုပြီးနေမကောင်းဖြစ်လျှင် ဆေးကုသမှုခံယူသင့်သည်။
ဤဝက်ဘ်ဆိုက်ကို တိကျမှန်ကန်စွာ လည်ပတ်စေရန် အမည်မသိသော ကွတ်ကီးများနှင့် အမျိုးမျိုးသော တတိယပါတီ ဝန်ဆောင်မှုများကို လိုအပ်နိုင်ပါသည်။ ကျွန်ုတို့၏ စည်းမျဉ်းစည်းကမ်းများနှင့် and ကိုယ်ရေးလုံခြုံမှုမူဝါဒများကို သင်ဖတ်ရှုနိုင်ပါသည်။ ဆက်လက်၍ ဤဝက်ဘ်ဆိုက်ကို အသုံးပြုခြင်းဖြင့် သင့်အနေဖြင့် ၎င်းတို့သည် သင့်အပေါ်အကျိုးသက်ရောက်မှုကို ခွင့်ပြုထားပြီးဖြစ်ပါသည်။'