ဆေးဝါးသုံး သန္ဓသားဖျက်ဆေး မသုံးဆောင်မီ ၎င်းနှင့် ပတ်သက်ပြီး အပြည့်အဝ နားလည်သဘောပေါက်ပြီး ပြင်ဆင်ထားမှု သေချာပါစေ။
သင်၏ကိုယ်ဝန်သက်တမ်းဘယ်လောက်ရှိပြီလဲ? သုတေသနပြုချက်အရ ဆေးဝါးသုံးပြီး ကိုယ်ဝန်ဖျက်ချခြင်းကို နောက်ဆုံးရာသီလာရက်ကနေ ကိုယ်ဝန်သက်တမ်း 13) ပတ်မတိုင်မီ အချိန်အတွင်းသာ ပြုလုပ်ဖို့အကြံပြုထားပါသည်။ သင်၏ကိုယ်ဝန်သက်တမ်းကို သိရှိရန် ကိုယ်ဝန်သက်တမ်းတွက်ချက်ရန်နေရာတွင် သင်နောက်ဆုံးရာသီလာတဲ့ရက်ကို ထည့်ပြီးတွက်လို့ရပါတယ်။
တွက်ပြီးလို့ သင်ရာသီလာတာ နောက်ကျနေပြီဆိုရင်
ကိုယ်ဝန်ဖျက်ချတဲ့ဆေးသောက်ဖို့ စဥ်းစားသင့်ပါပြီ။
တကယ်လို့ သင်က သားအိမ်တွင်းထည့်သန္ဓေတားဆေး (ဥပမာ coil IUD သို့မဟုတ် progesterone IUD) ထည့်ထားလျှင်၎င်းကိုဖယ်ရှားပစ်ရမည်။ ကိုယ်ဝန်ဖျက်ချဆေးများမသောက်မီ IUD များကိုဖယ်ရှားရမည်။
အကယ်၍ သင့်မှာ အိပ်ချ်အိုင်ဗွီရောဂါပိုးရှိပါက misoprostol ဆေးမသောက်ခင် သင်သည် ART ဆေးဝါးများသောက်ထားပြီး ကျန်းမာရေးကောင်းနေသူတစ်ဦးဖြစ်မှ သုံးသင့်ပါတယ်။
ကိုယ်ဝန်ဖျက်ချတာကို ဖြစ်နိုင်သရွေ့ သီးသန့်ထားဖို့ စိုးရိမ်နေရင်, ကိုယ်ဝန်ဖျက်ချဆေးကို လျှာအောက်မှာ ထားပါ လိင်အင်္ဂါမှတဆင့်ယူမယ့်အစား တကယ်လို့ ပြင်ပကုသမှုအကူအညီလိုလာပြီဆိုရင် သင်က ဆေးကိုမိန်းမကိုယ်(ယောနိ)ထဲမှာ ထည့်ထားမယ်ဆိုပါက ဆေးကိုမြင်တွေ့နိုင်ပါသည်။အချို့သောနိုင်ငံများတွင်သင့်လိင်အင်္ဂါမှဆေးပြားကိုတွေ့ရှိပါကသင့်အားတိုင်ကြားနိုင်သည်။
အကယ်၍ သင်သည်ကလေးကိုနို့တိုက်နေလျှင် misoprostol ဆေးများသည်ကလေးအားဝမ်းလျှောစေနိုင်သည်။ ဒါကို ရှောင်ရှားဖို့ ကလေးကို နို့အရင်တိုက်ပြီးမှ ဆေးသောက်ပါ။ ဆေးသောက်ပြီး ၄ နာရီကြာစောင့်ပြီးမှ ကလေးကို နို့ပြန်တိုက်ပါ။
အကယ်၍ သင့်တွင်သွေးအားနည်းရောဂါရှိလျှင် (သင်၏သွေးတွင်သံဓာတ်ပါဝင်မှုနည်းနေလျှင်) ကိုယ်ဝန်ဖျက်ချဆေးကိုမသုံးမီ သင်လိုအပ်ပါက မိနစ် ၃၀ အတွင်း အကူအညီရယူနိုင်မည့် ကျန်းမာရေးပြုစုစောင့်ရှောက်သူအကူအညီတောင်းယူဖို့ ပြင်ဆင်ထားသင့်ပါသည်။ အကယ်၍ သင်သည် အလွန်သွေးအားနည်းတတ်သူဖြစ်ပါက ဆေးမသောက်ခင် ဆရာဝန်နှင့်ပြသပြီး ညွှန်ကြားချက်ရယူပါ။
အဆာပြေ မုန့်စားပါ။
သင့်ကိုစောင့်ရှောက်နိုင်သူတစ်ဦးအနားမှာရှိခြင်းသည် သင့်အတွက်အထောက်အကူဖြစ်စေနိုင်ပါသည်။
ဆေးသောက်ထားချိန် တစ်လျှောက်လုံး ရေများများသောက်ပါ။
နာကျင်မှုကိုသက်သာစေဖို့ misoprostol ကိုမသုံးမီ ibuprofen အကိုက်အခဲပျောက်ဆေး ကိုသောက်သင့်ပါသည်။
သင် misoprostol ဆေးသောက်ပြီး သင့်အိမ်ခန်းထဲမှာ နာရီအနည်းငယ် အိပ်စက်အနားယူနိုင်ပါသည်။
ကိုယ်ဝန်ဖျက်ချဆေးများကိုမသုံးမီ အရေးပေါ်လိုအပ်ပါက အကူအညီတောင်းခံနိုင်သည့် အစီအစဥ်များကို ကြိုတင်စဥ်းစား ပြင်ဆင်ပြုလုပ်ထားပါ။
အမေရိကန်သားဖွားမီးယပ်အထူးကုဆရာ၀န်များအဖွဲ့၏အဆိုအရ ကိုယ်ဝန်ဆောင် အစောပိုင်းကာလ(ပထမသုံးလ)တွင်း ဆေးဝါးသုံးပြီး ကိုယ်ဝန်ဖျက်ချခြင်းသည် အလုံခြုံဆုံးသောဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း သင့်အနေဖြင့် အရေးပေါ်လိုအပ်မှုတွေအတွက် အမြဲပြင်ဆင်ထားသင့်ပါသည်။ သင့်အနေဖြင့် အန္တရာယ်ကင်းကင်းဖြစ်စေဖို့ ကြိုတင်ပြင်ဆင်စရာရှိတာတွေကို အောက်ပါမေးခွန်းများကို ကြည့်ပြီး ပြင်ဆင်နိုင်ပါသည်။
သင့်အနေဖြင့် ဆေးရုံ/ဆေးခန်းဆီသို့ တစ်နာရီသို့မဟုတ် ဒီထက်နည်းသောအချိန်အတွင်း ရောက်နိုင်သောနေရာတွင် ရှိနေရမည်။ (သင့်တွင်သွေးအားနည်းရောဂါရှိလျှင်မိနစ် ၃၀ အတွင်း သင်ထိုနေရာသို့ရောက်နိုင်ရမည်။ )
ကားမောင်းပေးနိုင်သူတစ်ယောက်ယောက်က သင်နဲ့အတူရှိလား? သင်ကားငှားမလား? အများသုံးသယ်ယူပို့ဆောင်ရေး(ဘတ်စ်ကား) သုံးမလား? ဘယ်လောက်ကုန်ကျမှာလဲ? ၂၄ နာရီ ဝန်ဆောင်မှုရနိုင်မှာလား? အစရှိသဖြင့် လိုအပ်တဲ့အချက်တွေအတွက် ပြင်ဆင်ထားပါ။ သင့်အနေဖြင့်အရေးပေါ် အခြေအနေကြုံလာပါက သင်ကိုယ်တိုင်ဆေးရုံသို့ ကားမောင်းခြင်းသည် စိတ်မချရဘဲ အန္တရာယ်ရှိသည်ကို သတိထားပါ။
ဤဝက်ဘ်ဆိုက်ကို တိကျမှန်ကန်စွာ လည်ပတ်စေရန် အမည်မသိသော ကွတ်ကီးများနှင့် အမျိုးမျိုးသော တတိယပါတီ ဝန်ဆောင်မှုများကို လိုအပ်နိုင်ပါသည်။ ကျွန်ုတို့၏ စည်းမျဉ်းစည်းကမ်းများနှင့် and ကိုယ်ရေးလုံခြုံမှုမူဝါဒများကို သင်ဖတ်ရှုနိုင်ပါသည်။ ဆက်လက်၍ ဤဝက်ဘ်ဆိုက်ကို အသုံးပြုခြင်းဖြင့် သင့်အနေဖြင့် ၎င်းတို့သည် သင့်အပေါ်အကျိုးသက်ရောက်မှုကို ခွင့်ပြုထားပြီးဖြစ်ပါသည်။'